အကို





" ရွက်ဝါကြွေ........... နွေဦး............  လေရူး.......ပွေ.....စ..... ညနေဆည်းဆာ......... "


" ဟင်းးးး... "

တင်းကျပ်တဲ့ ခံစားချက်နဲ့ မျက်နှာကိုအုပ်ပြီး နားပါရောပိတ်ထားလိုက်မိသည် ။ မျက်ရည်ပူလေးတွေ မျက်လုံးထောင့်စွန်းမှာ တွဲလဲ ခိုချင်လာသည် .....။

အားတင်းပြီး စာကို အာရုံစိုက်ပြီး ကျက်လိုက်မိသည် ။ ဒီဇင်ဘာဆောင်းက ခိုက်ခိုက်တုန်အောင် ချမ်းနေပေမယ့်.... ပတ်ဝန်းကျင်ကို မေ့နေလောက်တဲ့ အထိ စိတ်တွေက မွန်းကျပ်လာသည် ။

ဝရန်တာက သံစကာ ကွက်နဲ့ မို့ ကိုယ်က အပြင်လောက အမှောင်ထုထဲကို မမြင်ရပေမယ့် ။  စိတ်ထဲမှာ ပုဆိုးရှည်ရှည်သပ်သပ် ယပ်ယပ် ဝတ်ဆင်ပြီး ..... ရှပ်လက်ရှည်အဖြူကို လက်ခေါက်ဝတ်ထားတဲ့ သူ့ အသွင်နဲ့....   မြင့်မားတဲ့ အရပ်နဲ့......... စည်းချက်ကျကျ ခပ်နှေးနှေး ဘယ်တလှမ်း ညာတလှမ်း အေးဆေးညင်သာစွာ လှမ်းနေမည်ကို ကိုယ်သိသည် ။

 ကိုယ့်ဘက်ကိုလဲ မျက်နှာ မူနေမှာ မဟုတ်ဘူးဆိုတာ လဲ သိနေသေးတာပဲ....... ။

" ဥသြ... ရှင်.... နွေတေးရှင် ..ငှက်......... ပင်တိုင်းထက်မှာ...... သံ...သာ....သာ......


" တောက်.... ".......

ဖေဖေ ဆင်းချသွားပြီ ။ အိမ်ကနေ လမ်းမကို ကူးတဲ့ မြောင်းကလေးပေါ်က တံတားပေါ်ကနေ ဖေဖေ ခါးကို ထောက်လျက် သူ့ကို  ကြည့်နေမယ်ဆိုတာလဲ ခေါင်းနှစ်ဘက် ကို လက်နဲ့ တင်းတင်းအုပ်ထားလျက်က သိနေပြန်သေးတာပဲ.... ။

စိတ်ထဲမှာ နည်းနည်းတောင် သူ့အပေါ်မှာ အားနာမိသည် ။ ဖေဖေရယ်... ထားလိုက်ပါလား.....

စိတ်ထဲက ပဲ ပြောမိလိုက်တာပါ ..... အပြင်မှာတော့ ကိုယ်က ဖေဖေ့သမီး........ စာကလွဲလို့ ဘာမှ စိတ်မဝင်စားတဲ့ ပုံကို အလွယ်တကူပဲ နေပြလိုက်နိုင်တယ် ....။

သူသည် ခေါင်းမာပြီး မျက်နှာထားတင်းတင်းနဲ့ မာနကြီးတဲ့ လူစား ။ ဖေဖေ့ကို အကြောင်းမဲ့ မလေးမစား ဘယ်တော့မှ မလုပ်ပေမယ့် ။ သူ အလွယ်တကူ မကြောက်ဘူးဆိုတာလဲ သိနေတာပဲလေ.... သူ့မှာ မာန်ရှိတယ်.... ဟုတ်တယ်...... သူက မာန်မာန သိပ်ကြီး လွန်းတယ် .....။

တခါတလေ သူ့မာနတွေကြောင့် ကိုယ်ကြောင်နေမိတဲ့ အထိ အံ့သြဘူးလေသည် ။ အို....... ကိုယ်က ကလေးစိတ်နဲ့ ဘာမှ မသိတဲ့ သူတယောက် ။

မာနဆိုတာ မမြင်ဘူးဘူးလေ.....

ဖေဖေ အိမ်ပေါ်ပြန်တက်လာတဲ့ အထိ စောင်ခြုံရက်နဲ့ စာကြည့်စားပွဲပေါ်မှာ တံတောင်စုံထောက်ပြီး နားရွက်ကို အုပ်ကိုင်ထားကာ စာကျက် မပျက်တဲ့ ပုံနေပေးလိုက်သည် ။ ဟုတ်သည် ..... ကိုယ်..  စာကျက်လုံးဝ မပျက်တဲ့ အပြင် ပိုလို့တောင် စာတွေ ရလာသေးသည် ။

အမှန်ပါ ကိုယ့်ဘာသာဆိုရင် အဲလောက်စာတော်မှာ မဟုတ်ပေမယ့် ..... သူကြောင့် ..... သူတို့ အသိုင်းအဝိုင်းကြောင့် ..... စာတွေ ပိုကျက်ဖြစ်လောက်အောင် ခေါင်းကျော မာနိုင်ခဲ့သည် ။

သိပ်မာန ကြီးတတ်လို့လဲ မဟုတ်ပါဘူး...... မခံချင်စိတ်ကလဲ အဲလောက် မကြီးမားပါဘူး.... သေချာတာ တခုကတော့ သူ့ကို စိတ်လုံးဝ မနာခဲ့တာပါ.....။


မုန်းရစ်လေ.... ဦး...... မုန်းရစ်လေဦး.... ဖုန်း....... ချစ်တဲ့သူ...... ရာ...............

 သီချင်းသံက လေးတွဲတွဲ အသံသြသြနဲ့..... သူ သီချင်းဆိုတာ သိပ်ကောင်းသည် ။ တရပ်ကွက်လုံး..... ညအမှောင် အောက်မှာ သူမို့ သီချင်း စဆိုပြီဆိုရင် အားလုံးငြိမ်ပြီးနားထောင်ကြသည် ။ ဘယ်အတီးသမားမှ မပါ ။ သူ့အသံတခုထဲသာ ။

မုန်းရစ်လေဦး.....တဲ့  မမုန်းပါဘူး..... တကယ်ပါ ကိုယ်မှ  မုန်းမှ မမုန်းတတ်သေးတာ.....
စိတ်နာရကောင်းမှန်းကို မသိခဲ့လောက်အောင် ကိုယ်အရမ်းငယ်သေးခဲ့တယ် ...။  အဲဒီတုံး အချိန်က ကိုယ်က ၁၆နှစ် မပြည့်သေး ။ ဒါပေမယ့် လွမ်းတတ်တယ် ။

ကိုယ်လေ လွမ်းတိုင်းစာတွေ ဖိကျက်ခဲ့မိတယ်.........


ဟော....... နောက်တပုဒ်ပြောင်းသွားပြန်ပြီ......


 အော် ...... စိတ်ညစ်တယ်...... မျက်နှာ ပူလိုက်တာ...... အဲသီချင်းဆိုတာ ကြားတိုင်း ရှက်နေမိတယ်.......


" နှင်း......... ငွေရောင်ဖြူလွ...... တူစွ.... သဏ္ဍန်တွေ....... ငွေရည်ပုလဲဥ.... တို့.... စုကာဖြန်းလို့....... လန်းဆန်းပုံတွေ..........


သည် သီချင်း နှစ်ပုဒ်ကို ညတိုင်း မပျက် မကွက် သူဆိုသည် ။  ဆိုသံကြားတိုင်း.... ကိုယ်နာမည်အဖျားဆွတ်ပါတဲ့ သီချင်းဖြစ်နေတာရော ..... တရပ်ကွက်လုံးမှာ ရှိသမျှ လူကုန် သိကြသောကြောင့် ရော မျက်နှာ ပူမိပေမယ့်  ....... ကြားလိုက်ရတဲ့ အခါတိုင်း ကိုယ့် အသည်းဆိုင် တုံးကို ဆွဲကာ ပိုင်ပိုင် ယူသွား သကဲ့သို့...... မျက်ရည်ပူများဝေ့ဝဲတဲ့ အထိ ခံစားနှစ်သက်ခဲ့ရပါသည် လေ.....။


နှင်း...... ပျောက်တဲ့ နွေဦး........ ရောက်ပြီလေ............


 တကယ်ပျောက်သွားတာလား...... တမင်ဖျောက်ပစ်တာလား....... အကိုရယ်.......


 ************************************************************************


တသက်နဲ့ တကိုယ် အပျိုပေါက် ဘဝရောက်ချိန် ဒီနှစ်ပိုင်း အထိ သင်္ကြန်မှာ ခုလို လူအများကြီးနဲ့ မပျော်ဘူးဘူး ....။


 မနှစ်လောက်က အထိ ကလေးတွေ တပြုံကြီးနဲ့ ခွက်စောင်းခုတ်လိုက် ရေဘူဘောင်းတွေကို တိုင်ကီ ကြီးနဲ့ အပြည့်စုဆောင်းလိုက် တောင်ရောက်မြောက်ရောက် သင်္ကြန် သီချင်းတွေကို မောင်ငယ်တွေနဲ့သံပြိုင်အော်ဆိုလိုက် နှင့် မောင်နှမလေးယောက်ရယ် သူငယ်ချင်းတသိုက်ရယ် ခွဲ မရ ခွာမရ မျောက်ရှုံးအောင် ဆော့တတ်ကြတုန်း.....

ရုတ်တရက် အပျိုပေါက် အရွယ်ရောက်လာကာ အရပ်ကြီးရှည်လာပေမယ့်..... စိတ်ထဲမှာ ကလေးစိတ်မပျောက် တပျောက်ပဲ ရှိနေသေးတာ.....

သက်တူရွယ်တူ သူငယ်ချင်း အိမ်နီးခြင်းတွေ စုစု စုစု ဖြင့် စတိုင်ဖမ်းကာ အပျိုစရိုက်ပေါ်နေပြီ ဖြစ်ပေမယ့် ကိုယ်က ကြားမှာ လွတ်နေသေးသည် ..... ကလေးမကျ လူကြီးမကျ စိတ်ကလဲ ဇကောဇက....လေ....

" ဟေ့.... ဟိုဘက်လမ်းမှာ အပျိုကြီးတို့အိမ်ရှေ့လောက်မှာ စတုဒီသာရှိတယ် အားလုံးသွားလုပ်ကူကြမယ်..... နင်ပါလာခဲ့.... နော်..... ငါလာခေါ်မယ် သိလား.... "

သူငယ်ချင်းပြောတုန်းက ဘာမှ သိပ်ခေါင်းထဲ မရှိ.... ဒီရပ်ကွက် ကို ရောက်ကာစပေမယ့် ကိုယ့် အတန်းထဲက သူငယ်ချင်းတွေ တပြုံကြီး ရှိတဲ့ အရပ် ။ ကိုယ့် ကို သိသိမသိသိ ခေါင်းထဲမှာ ဆော့ဘို့ကလွဲလို့ ပတ်ဝန်းကျင် ဆိုတာ ကိုယ့် ဘဝမှာ ဖာသိဖာသာ ......
အော်..... ဘာဆို ဘာမှ မသိခဲ့တာ ပါလေ.........

မုန့်လုံးရေပေါ်လုံးလိုက် မီးထိုးပေးလိုက် လမ်းပေါ် လူတယောက် ဖြတ်လာရင် လုယက်ပြီး တွေ့ကရာရေခွက်ဖြင့်  အားကုန်သွားပြေးပက်လိုက်ဖြင့် သိပ်ကို ပျော်နေမိတယ်.....

မဏ္ဍပ်က လူတွေ အများကြီးကြားထဲမှာ သိတဲ့ သူတွေရော မသိတဲ့ သူတွေရော ..... သူငယ်ချင်း တချို့သူတို့အိမ်ပေါ်က ဆင်းလာတာ မတွေ့မိပေမယ့် သူငယ်ချင်းသစ် အသိမိတ်ဆွေတွေ အများကြီးကြားထဲမှာ ကိုယ် သိပ်ပျော်နေမိတယ်လေ....

"ဗွမ်းးးးး "

ရုတ်တရက် အငိုက်မိလိုက်ပြီ ဆိုတာ ကိုယ်သိလိုက်တယ်...

စိတ်ထဲက တင်းသွားတယ်..... ဘာမှ ပြန်မပြောပေမယ့် မျက်စောင်းအကြီးကြီး တချက်ကို နှုတ်ခမ်းကို စူထော်နေအောင် လုပ်ပြီး ထိုးပစ်လိုက်တယ်......

ပြီးတော့ ဘေးက အုတ်ကန်ပေါ်တင်ထားတဲ့ ရေခွက်ကို ကောက်ယူပြီး ပြန်ပက်ထည့်လိုက်တယ် ။ ကဲ..... ဟာ.......

သူများ လှတပတ ပြင်လာတာ ကုန်တာပဲ လေ...... ခေါင်းကနေလောင်းတဲ့ အတွက် ကြာကြာကဲလို့မရတော့ဘူးပေါ့......

ချမ်းရင် အိမ်ပြန်ပြေးရတော့မှာ......


ဟမ်........ ရေထပ်ခပ်နေသေးတယ်......

ပြီးလဲ ပြီးရော မနားတန်း ကိုယ့်ဘေးနားက မသွားတော့ ပဲနဲ့ ခေါင်းကနေ မိုးပြီး တော့ကို လောင်းနေတော့တာပဲ.......

အားးးးးးး

ရေတောင်မွမ်းလာပြီ....... မပြီးသေးဘူးလားကွ.........

ခဏလောက် ရပ်သွားတဲ့ အချိန်မှာ ဘယ်သူပါလိမ့်ကြည့်လိုက်မိတော့......

မိဆွေအကို ပါလား......

သူကလဲ ကိုယ့်မျက်လုံးတည့်တည့်ကို ကြည့်နေတာကို တွေ့လိုက်ရတယ် ။ မရီမပြုံးနဲ့လေ......

ကိုယ် ဒါတွေ မသိဘူး..... ဂရုလဲ မစိုက်တတ်ဘူး.....

ပြန်ချဘို့ပဲ စိတ်ထဲမှာ သိတယ်...... ကဲ.... ဟာ...... ကဲဟာ........

ဒီလိုနဲ့ သူက လောင်းလိုက်..... ကိုယ်က ပက်လိုက်နဲ့....... ကိုယ့်ဘာသာ ကိုယ်သာ မသိတာ......

ရပ်ကွက်ထဲမှာ ရှိသမျှ လူအကုန် ရေပက်တာတွေ ရပ်ပြီး.... ကိုယ်တို့ နှစ်ယောက်ကို ကြည့်နေကြတာ.....

အမယ်လေး.... ဗုဒ္ဓေါ........

အနေအထိုင် ဆင်ခြင်မှ....... သူများပြောမှာကြောက်တာနဲ့ သူ့ကို အုတ်ကန်ဘေးမှာ တယောက်ထဲ ထားခဲ့ ပြီး ရေခွက်ကို ပစ်ချကာ ဟိုဘက်ခြမ်း မကြီးတို့ အပျိုကြီးတွေ အိမ်ကို ထွက်ပြေးလာခဲ့တော့သည် ။.......  ဟူး..........



ဝတ္ထု ရေးတတ်သလား မရေးတတ်သလား ကွကိုယ်စမ်းကြည့်တာ .... :P

အမှန်က ဝတ္ထုတွေကို လုံးဝ မကြိုက်ဘူး.....

ဘာပဲပြောပြောပြီးအောင်တော့ တပုဒ်လောက် စမ်းရေးကြည့်မယ်......

အဟွတ်......






Comments

  1. ကိုယ်ဘာကိုယ်စမ်းရေးကြည့်ပြီ ဒါမျိုးဇာတ်လမ်းတွေရေးချင်စိတ်လုံးဝမရှိမှန်းသိလိုက်ရလို့ မရေးချင်တော့ပါဘူး.... ရေးပြီးသားကတော့ ထားလိုက်တော့မယ် :P

    ReplyDelete
  2. အင် အဲ့လိုလုပ်ရဘူးလေ ...
    Nge.

    ReplyDelete
  3. စိတ်ဝင်တစားဖတ်နေရာကနေဖြတ်ချလိုက်တယ်... လူဆိုး :D

    ReplyDelete
    Replies
    1. ငါ့ အကျင့်က အဲတာလေ နင်တိတယ် မဟုတ်လား... ခွိခွိ

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်